ပဋိဇီဝပိုးသတ်ဆေး
  
Translated

ဘက်တီးရီးယားပိုးကိုသတ်နိုင်သော သို့မဟုတ် ပိုးပွားများမှုကို ရပ်တန့်နိုင်သော ဆေး သို့မဟုတ် ဆေးပစ္စည်း ဥပမာ ပင်နီဆလင်

 

"ပဋိဇီဝပိုးသတ်ဆေးသောက်စရာမလိုဘူးလို့ကျွန်ုပ်ကိုဆရာဝန်ကပြောတယ်။ ပဋိဇီဝပိုးသတ်ဆေးကဘက်တီးရီးယားတစ်မျိုးကိုပဲသတ်နိုင်တယ်။"

 

"ပဋိဇီဝပိုးသတ်ဆေးက နှာစေးချောင်းဆိုးအအေးမိခြင်းနဲ့ တုပ်ကွေးရောဂါမျိုးကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးကိုမသတ်နိုင်ဘူး။ သင့်ကို မြန်မြန်နေကောင်းလာအောင် အလုပ်မြန်မြန်ပြန်လုပ်နိုင်အောင် မကုပေးနိုင်ဘူး။"

 

"သူ့မှာပြင်းထန်တဲ့ဘက်တီးရီးယားပိုးဝင်ခြင်းကို ခံစားနေရတယ်။ သူ့ကို ပဋိဇီဝပိုးသတ်ဆေးရက်ရှည်ပေးဖို့လိုတယ်။"

 

Learning point

ကပ်ဆိုက်လာတော့မည့်အနာဂတ်တစ်ခု

 

ပဋိဇီဝပိုးသတ်ဆေး ယဉ်ပါးမှုသည် အကြီးကျယ်ဆုံးသော ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ခြိမ်းခြောက်မှုဖြစ်ပြီး လူသန်းပေါင်းများစွာကို သေစေနိုင်ကာ ကမ္ဘာ့စီးပွားရေး ကိုလည်း ဆုတ်ယုတ်စေနိုင်သည်။[1]ကုလသမဂ္ဂ အဖွဲ့ကြီးက အရေးကြီး ကြေငြာချက် ထုတ်ပြန် ကာတိုးပွားလာသောဆေးယဉ်ပါး ကူးစက်ရောဂါ များ ပြသနာကို ပါဝင်ဆောင်ရွက်ရန်သံဓိဌာန်ချထားကြောင်းဖော်ပြခဲ့သည်။[2]

 

အဆုတ်ရောင်ရောဂါ ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် အရေပြားပြည်တည်နာကဲ့သို့သော အဖြစ် များသည့် ဘက်တီးရီးယားပိုးဝင်ခြင်းများကို ကုသရန် ကျွန်ုပ်တို့ပုံမှန်အားဖြင့် အသုံးပြုသော ပဋိဇီဝပိုးသတ်ဆေးများသည် တဖြည်းဖြည်းအသုံးမဝင်တော့ပါ ဘက်တီးရီးယားပိုးများကို မသတ်နိုင်တော့ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွန်ကြားရေးမှူးချုပ်က မကြာမီအနာဂတ် တွင်စားသုံးသူများနှင့် ဆေးဝါးထောက်ပံ့သူများအနေနှင့် ရောဂါကုသရန်အတွက် ပဋိဇီဝပိုးသတ်ဆေးများကို မှီခိုနေမှုအား လျော့ချရန် မဖြစ်မနေလိုအပ်ကြောင်းပြောကြားသည်။

 

လက်ရှိအခြေအနေအတိုင်း ရှေ့ဆက်သွားပါက ဂနို၊ဆီးပူညောင်းကျ ရောဂါကဲ့သို့သော အဖြစ်များသည့်ရောဂါမျိုးများသည် ကုရာနတ္ထိ ဆေးမရှိ ဖြစ်သွားနိုင်သည်။ ဆရာဝန်များက လူနာများကို မျက်နှာချင်းဆိုင်ရင်း "ဝမ်းနည်းပါတယ် ၊ ခင်ဗျားအတွက် ကုပေးစရာဘာဆေးမှမရှိပါဘူး" ဆို၍ပြောကြရလိမ့်မည် ဟုလည်းယင်းကသတိပေးသည်။

 

ဤကိစ္စသည် အလွန်အမင်း စိုးရိမ်စရာကောင်းပြီး ကျွန်ုပ်တို့အားလုံးနှင့် ကျွန်ုပ်တို့မိသားစု များကိုပါ ထိခိုက်စေမည့် ပြဿနာဖြစ်သည်။ အရေးကြီးဥပမာပြရလျှင် ဆေးယဉ်ပါး ဘက်တီးရီးယားပိုး များအကြား ကလေးမီးဖွားရခြင်းသည် အလွန် အန္တရာယ်ရှိပြီး မိခင်ရော မွေးကင်းစကလေးပါ ဘက်တီးရီးယားပိုးဝင်၍ သေဆုံးနိုင်ခြေ မြင့်မားသည်။

 

 

ကိုးကားချက်များ။

1 WHO. (2016, August 29). Birth in a time of antibiotic-resistant bacteria. Retrieved from https://www.who.int/mediacentre/commentaries/antibiotic-resistant-bacteria/en/

2 O'Neill, J. (2016, March 19). Tackling Drug-Resistant Infections Globally: Final Report and Recommendations. The Review on Antimicrobial Resistance. Retrieved from https://amr-review.org/sites/default/files/160525_Final paper_with cover.pdf

 

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ